Followers

Tuesday, February 22, 2011

ဒဏ်ရာသည်းတဲ့ အားနိယာမ


danyar-thee-tet-niyar-maတချို့မသိသလို နေကြတုန်း
အဖုံးလုံလုံ ပိတ်ပြီးသား
အမှန်တရားတို့ အရောင်လွင့်
နေမြင့်လေ …။

ရုပ်သေးရုပ်တွေလို
နှစ်ချို့ဓာတ်ပုံစာတမ်းတပ်
(တွင်းနှုတ်ခမ်းကို)
ချည်းကပ်လာနေကြ။

တိုင်ချည်ဖောက်ချည်စနစ်တကျ
ပြဇာတ်ကြမ်းလည်း
တခန်းမရပ် …
အလွမ်းဇာတ်နာတို့ ထပ်ထပ်ကြမ်း
လမ်းဆုံးကို မရောက်ခင်မှာပင်
ပေါက်ပင်နဲ့ ဗျိုင်းထုံး
နှလုံးမူနေကြသော အခိုက်။

ဘာကို စိုက်ပျိုးလို့
ဘာကို ရိတ်သိမ်းကြမှာပါလဲ။

ဆင်ခြေလဲခွင့်မရသော သိုးတို့သာ
တောင်စွယ်နေကွယ်ချိန်ဆီ တရွေ့ရွေ့။ ။

0 comments: