Followers

Tuesday, February 22, 2011

ဘဝ ခရီးလမ်း

မာရသွန်ဆန်တဲ့ …
ဘဝလမ်းပေါ်က ဘဝကြမ်းများ
ရုန်းကန်မှုတွေနဲ့ အလွန်ပင်ပန်း။
Zarnimg
တချို့သူတွေက ဘဝခရီးအတွက် …
ဥာဏ်ပညာတွေနဲ့ ရင်နှီးကြတယ်
တချို့သူတွေက ဘဝခရီးအတွက်
မာယာတွေနဲ့ ရင်းနှီးကြတယ်  
တချို့သူတွေက ဘဝခရီးအတွက်
… တွေနဲ့ ရင်းနှီးခဲ့ကြတယ်။

လောကီသားတွေရဲ့ …
မငြိမ်းချမ်းတဲ့ အတိဒုက္ခတွေကို
ထာဝရဘုရားသခင်က
ဥပေက္ခာပြုထားလေရော့သလား !!!
အပြန်ပြန်အလှန်လှန် ကျုပ် ပြန်စဉ်းစား
စဉ်းစားမရပါလား … ခက်သား။

ဒီကမ္ဘာမြေပေါ်မှာပေါ့ဗျာ …
သေဖို့ထက် နေဖို့ ခက်ခဲပေမယ့်
ဘဝဆိုတာက ရုန်းကန်မှုတခုပေမို့
အင်အားတွေ စိုက်ကာ
ရှေ့ကို ဆက်လှမ်းရဦးမပေါ့။

ရောင်းရင်း … မိတ်ဆွေ …
အပေါင်းအသင်း … သူငယ်ချင်းတို့ရေ …
ကျုပ်တို့တတွေဟာ လူသားတွေပေမို့
လက်ရှိဘဝကို တိုးတက်ဖို့
ရိုင်းပင်းကူညီကာ
အဖြေမှန်တခုကို ရှာကြစို့။

အငြှိုးကြီးလှတဲ့ ကံကြမ္မာရယ် …
ဝဋ်ကြွေးတွေ ရှိခဲ့ရင်လည်း
ဒီမျှနဲ့ပဲ ကျေပါစေလေ
အပြစ်ရှိလို့ လူလာဖြစ်တဲ့
လူသားတယောက်ရဲ့ ဆုတောင်းစကား
ထာဝရဘုရားသခင် ကြားရင်
ကူညီဖေးမလေမလား
စဉ်းစားမရပါလား … ခက်သား။

လက်ရှိပဋိပက္ခတွေကို ဖြေရှင်းဖို့ …
ကယ်တင်ရှင်ကိုချည်းပဲ အားမကိုးချင်တဲ့ ကျနော်
သွေးချင်းညီသူတွေနဲ့ လက်တွဲ
တယောက်နဲ့ တယောက်
အပြန်အလှန်ဖေးမကာ ကူညီပါလို့
ဘဝလမ်းခရီးကို ရဲရဲဆက်ချီမယ်။

0 comments: