Followers

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Friday, August 19, 2011

DESKTOP ပေါ် က ICON လေးတွေ လူပ်ရှားစေချင်ရင်

ဒါလေး ကတော့ သူ့ ၀က်ဆိုဒ်လေးပါ ( http://www.idesksoft.com/download.html )

















ိဒေါင်းပြီးရင်တော့ ကို RUN ပေါ့ နော်.။

ဆော့ဝဲလေးကို ပါဗျာ..။



serial key ကို တော့ ထည့်ရလိမ့်မယ်ဗျ။







serial key ကတော့ ဒီမှာပါဗျာ ( 926889945 )ကူးထည့်ပေါ့ ။



ပြီးရင် တော့ သယ်ရင်း desktop ပေါ်မှာ icon လေးတွေ အရှင်ဖြစ်နေမှာပါ။



သယ်ရင်း မသုံးဖူးရင်တော့ ကြိုက်မယ် မျှော်လင့်တယ်ဗျာ..။



ကျနော် တော့ အမြဲသုံးတယ်လေ..။



မသိသေးသူတွေ အတွက်ပါဗျာ။

သိပြီးသား သယ်ရင်းတွေ များအတွက်တော့ ရီစရာ ဖြစ်နေမှာပါ..။

Friday, August 12, 2011

SWF to VIDEO ပြောင်းတဲ့ဆော့ဝဲလ်



SWF ဖိုင်ကို Video ဖိုင်ပြောင်းလို့ရတယ်နော်........     Flash
SWF ကနေ Convert လုပ်ပေးနိုင်တဲ့ Format တွေ ကတော့...AVI, MPEG, iPod video, 3GP
video, PSP video, and Image Series including BMP, PNG, GIF, animated GIF, and
JPEG.   အကုန်စုံပဲဗျား...  (ရှာရည်လိုက်ပါသည်)  စမ်းကြည့်ကြပေါ့ဗျား... နော်   mediafire
နဲ့တင်ပေးလိုက်နဲ့နော်....ကြိုက်ရင်လိုချင်ရင်ဒေါင်းပေါ့...
ဟုတ်တယ်ဟုတ်...။




Photobucket


Mediafire






Photo Frame Master 1.3.0












Photo Frame Master 1.3.0 | 22.87
MB

ဒီစော့ဝဲကတော့ ဓါတ်ပုံတွေကို အလှဘောင်တွေ အသုံးပြုပြီး
အလှဆင်ချင်တဲ့သူတွေ အတွက် အသုံးဝင်တဲ့ စော့ဝဲပဲ ဖြစ်ပါတယ်....ဓါတ်ပုံကို
မိမိစိတ်ကြိုက် အလင်းအမှောင်တွေကိုပါ ညှိပေးနိုင်တဲ့ အပြင် clip object တွေကိုပါ
ဖြည့်စွက်အလှဆင်နိုင်ပါတယ်....အသုံးပြုနိုင်မှု အသေးစိတ်ကိုတော့ မူရင်းWebsite မှာလည်း
သွားရောက်ဖတ်ရှုနိုင်ပါတယ်...စိတ်ကြိုက်အသုံးပြုနိုင်အောင် Serial Key ပါ
ထည့်သွင်းပေးထားပါတယ်...စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်မှာယူနိုင်ပါတယ်....


Photobucket
Ifile | Mediafire



Thursday, August 11, 2011

အလွယ်တကူ သယ်ဆောင်နိုင်မဲ့ Chat များ Imo , MSN ,Gtalk , Yahoo! , Skype , Facebook

သူငယ်ချင်းများအားလုံး မင်္ဂလာပါ..


ဒီတခါတော့ မြန်မာပြည်ကွန်နက်ရှင်နဲ့ ချက်တင်တွေ ဝင်ရတာ စိတ်ညစ်နေသူတွေအတွက်. Imo ချက်တင်လေးနဲ့ 


မိတ်ဆက်ပေးလိုက်ပါတယ်. သိပြီးသူတွေလဲ သိပြီးမှာပါ .. ကျနော် မသိသေးသူတွေအတွက် ရည်ရွယ်ပြီး တင်ပေး


လိုက်တာပါ..ပြီးတော့ ဆော့ဝဲလ်တွေမလိုပဲ Imo , MSN , Skype , Yahoo ! , Gtalk , Facebook , အစရှိတဲ့ ချက်တင်


နဲ့ ပက်သက်တာတွေ ကို လွယ်လွယ် ကူကူ မြန်မြန်ဆန်ဆန် နဲ့ ဝင်ရလွယ်အောင် ၊ မိမိတို့ သွားလေရာကို မန်မိုရီ စတစ်


လေးနဲ့ သယ်သွားလို့ ရအောင်ပါ.. အောက်က ကျနော်ပေးထားတဲ့ ကုဒ်လေးတွေကို Copy ယူလိုက်ပါ .. ပြီးရင် Notepad


ကိုဖွင့်ပါ Paste လုပ်ပါ.. ပြီးရင်တော့ Save as နဲ့  မိမိ သိမ်းချင်တဲ့နေရာမှာသာ သိမ်းလိုက်ကြပေတော့..အဲ.. သိမ်းရင်


file name ကိုတော့ မိမိနှစ်သက်သလိုပေးနိုင်ပါတယ် ဒါပေမဲ့ ပေးတဲ့နာမည်ရဲ့နောက်မှာ .html ဆိုတာကို ထည့်ဖို့ မမေ့ပါနဲ့ 


( ဥပမာ .. Chat.html   ) Chat နေရာမှာ သူငယ်ချင်းတို့ စိတ်ကြိုက်နာမည်ပြောင်းနိုင်ပါတယ်.. ကဲ အောက်က html ကုဒ်


လေးတွေ ယူလိုက်ကြပါအုံး တလုံးမှ မကျန်အောင်ယူပါနော်..








ဒီ(...........) ထဲက ကုဒ်လေးတွေကို ယူပါ..(     <html> <head> <table border="1">
<tr><td> <td> >
<center><iframe width="1320" height="590" frameborder="0" scrolling="no" marginheight="0"
marginwidth="0" allowtransparency="true" src="https://imo.im/"></iframe><br/>
<div style="font-size:0.9em;text-align:center;"></div></center>
</td> </td> </table>   </center></head>
<body>  <style type="text/css"> body {background-color:black} p {color:blue}   </style>
<link rel="stylesheet" type="text/css" href="mystyle.css" />  </body>   
</html>         )








ဒီလို ဖိုင်လေးပေါ်လာမှာပါ အဲ့တာလေးကို ဖွင့်လိုက်ပါ အောက်က ပုံလို ပေါ်လာမယ်


သူငယ်ချင်းတို့ ကြိုက်တဲ့ ချက် ကိုသာ ရွေးပြီး Sign in လုပ်လိုက်ကြပေါ့နော်..


ကဲ သူငယ်ချင်းတို့ အဆင်ပြေကြပါစေ...

ငါ့ရဲ့ .. ရသ







တိမ်တွေ ဖုံးတဲ့ လမိုက်ညတွေလို


ဥသြ ငှက်တစ်ကောင်ရဲ့ ရင်ထဲမှာ


ရထား နှစ်စင်း အပြိုင် ခုတ်မောင်းနေတယ်..


စကားလုံးတွေနဲ့  ငါ့ကို ဝိုင်းမဖောက်ကြပါနဲ့ 





ကိုင်း မရှိတဲ့ သစ်ခြောက်ပင်နဲ့ 


အတောင်မပါတဲ့ ငှက်တစ်ကောင်..


အိမ်ပြန်နောက်ကျခဲ့တဲ့ ညပေါင်းများစွာ


ငါ့အိမ်မက်တွေ ငါပြန်စဉ်းစား


လွမ်းနေမိပါသေးတယ်......





ငါတို့ ဘဝတွေ ဆုံမက်စေဖို့  သီအိုရီတွေ ငါ့မှာမရှိဘူး..


အချစ်တခုနဲ့  တည်ဆောက်ဖို့ မလွယ်တဲ့ 


ငါ့အိမ်မက်တွေကို  အတိတ်ထဲမှာ မင်းထားသွားတယ်..





ငါ့ဘဝကို ပြောင်းပြန်လှန်


ငါတည်ဆောက်ခဲ့တဲ့ အသိုက်အမြုံလေး


ငါ့ကြောင့် ပြိုကွဲတော့မှာလား..


နောင်တ မရှိတဲ့ နောက်ကျတဲ့ခြေတစ်လှမ်း


ပျောက်ပျက်မသွားမဲ့ အိမ်မက်... တိမ်တိုက်တွေ





မှောင်မိုက် ညစ်ထေးနေတဲ့ လွင့်ပျံ တိမ်တိုက်တွေ ကြားက


ရုန်းထွက်ခဲ့ပြီးကာမှ ငါ့ဘက်မှာ မရှိကြတဲ့ လူတွေ..


တိမ်တိုက်မဲထဲကို ပြန်မရောက်ချင်ဘူး..


ငါ့ဘဝရဲ့ ရသ ကဘာလဲ..


ကျွန်ုပ် နှင့် သက်ဆိုင်သူများ နားလည်ပေးကြပါ..





ကိုဖြိုး(ဧရာဝတီ)



Wednesday, August 3, 2011

LMMS -Linux Multimedia Studio


LMMSLMMS is a free open source MIDI sequencer/composer for Windows and Linux.
Ease of use: When I first ran Linux Multi Media Studio I initially found it a little bewildering. On startup one is faced with what appears to be a battery of complex looking expandable windows, none of which bear any similarity to other applications I have used. Thankfully, LMMS is very well supported by it's own online user community, with forums and wiki style user guides and tutorials. It does not have the raw simplicity of DarkWave or the beautifully presented single window GUI of Temper, but don't be put off by this: once you get going with it, LMMS is a pleasure to use. Of all the apps I have tested since starting this category (and prior to), LMMS took the longest to fathom, and apart from the piano roll editor it is not (in my opinion) intuitive at all, but it's worth taking the time because the rewards are great.


Pros Hugely full featured
Cons N/A
Developer Home Page http://lmms.sourceforge.net/home.php
Download link http://lmms.sourceforge.net/download.php
File Size 22.4 MB   Version 0.4.9   License Type Freeware   Installation Requirements Windows XP and higher/ Linux
64 Bit version available  64 bit now supported

DarkWave Studio 3.6.1



Studio
Studio
Pattern Editor
Pattern Editor
HD Recorder
Sequencer
Sequencer
HD Recorder
သီချင်းတွေ လုပ်ခ်ျငတဲ့သူတွေအတွက် အဆင်ပြေမယ့်ဆော့ဝဲလ်လေးတခုတွေ့ လို့ 
မျှဝေလိုက်ပါတယ် ကောင်းလားဆိုတာကတော့ ကိုယ်တိုင်သာ ကလိကြည့်ကြတော့ဗျို့
အောက်မှာ သူ့ မူရင်းဆိုဒ်ရဲ့လင့်ပါတယ် ဝင်သာဒေါင်းသွားကြတော့နော်...

Download

DarkWave Studio 3.6.1Setup (.exe)2459 KB
DarkWave Studio 3.6.1Source Code (.zip)1156 KB

Tuesday, August 2, 2011

ကျွန်တော်ကြိုက်၏......မကြိုက်၏

အင်း...ဘလော့ဂါမောင်နှမတွေ တဂ်ပေးပြီးရေးနေကြတာလေးက ကြည့်နူးစရာလေးပါ...
ကျနော်ကလဲ စာရေးတာက ပါရမီမပါလို့ လားမသိဘူး (ပျင်းတာလဲပါတာပေါ့ :P) မရေးတတ်ဘူး
ခုတော့ အမောင်က(မောင်စွယ်စုံကျမ်း) တဂ်လာပေးလို့  ဘဇာအရေးပဲရှိရှိ ရေးရတော့မှာပေါ့လေ...
ဘာပဲပြောပြော ခုလို တဂ်လုပ်ပြီးရေးတာလေးတော့သဘောကျမိပါ၏ .. ဘလော့ဂါမောင်နှမတွေ
သိုက်သိုက်ဝန်းဝန်းလေးရှိတာပေါ့နော်.ခုလိုရေးဖြစ်အောင် တဂ်လာပေးတဲ့ အမောင့်ကိုလဲကျေးဇူး
တင်ပါတယ်လို့ ပြောပါရစေဗျာ..

ကိုယ်ခန္ဒာ

ကျနော့်ရဲ့အရပ်က ၅ ပေ ၈ ဆိုတော့ အနေတော်လို့ တော့ထင်တာပဲ ပုတဲ့ထဲမှာမပါသလို ရှည်တဲ့အရပ်မျိုးလဲ
မဟုတ်ပါ..မြန်မာပြည်မှာတုန်းကတော့ ပေါင်(၁၉၀) ကျော်လောက်ရှိတယ်.. အင်း မလေးမြေနဲ့ မတည့်ဘူးထင်ပါရဲ့
ခုတော့ (၃၅)ပေါင်လောက်ကျသွားတယ်.. သူများတွေလို ဝိတ်လျှော့တာတွေပါတွေလဲမလုပ်ပါဘူး.. အသားအရည်
ကတော့ အရမ်းအမဲကြီးမဟုတ်သလို ဖြူတဲ့အသားရည်လဲမဟုတ်ဘူး.. ညိုချောလေးပေါ့ဗျာ.. :P ဒါပေမဲ့ကျနော့်
အသားရည်ကတော့ ဘယ်ရာသီမဆို စိုပြည်နေတယ် ..အသားပတ်တာတို့ ဘာတို့ မဖြစ်ဘူး အသားလှဆီဖိုးမကုန်
တော့ဘူးပေါ့ဗျာ..  ဆံပင်ကတော့ ပုံစံမျိုးစုံထားတတ်တယ်.. အရှည်လဲထားတယ် အတိုလဲထားတယ်..ဒီဇိုင်းမျိုးစုံ
ထားတယ်.. မျက်နှာကိုတော့ဘာမှလိမ်းတာမကြိုက်ဘူး.. ငယ်ငယ်တုန်းက အမေနဲ့  အမတွေက သနပ်ခါးလိမ်းပေး
တယ် ၉ တန်းနှစ်လောက်ထိ လိမ်းရတယ်ဗျာ ၁၀ တန်းလောက်ကစပြီးတော့ ဘာမှ မလိမ်းတော့ဘူး ကိုယ့်စိတ်ကြိုက်ပဲ
ကံထူးတာတခုက ဝက်ခြံတွေ ဘဲခြံတွေ မပေါက်ဘူးဗျ ....ခုဆို အရပ်နဲ့ ဘော်ဒီဝိတ်နဲ့မျှသွားပြီ အသားကလဲ အရင်ထက်ပိုဖြူလာတယ်....

အပြုအမူ

အနေအထိုင်ကတော့ မရင်းနှီးတဲ့သူတွေဆို တော်တန် မခေါ်ရဲဘူးဗျ ခပ်တည်တည်နေတတ်တယ်.. အမြဲတမ်းလိုလို
လက်ပိုက်ပြီးနေတတ်တယ်... ခင်မင်ရင်းနှီးတဲ့သူတွေကတော့ကျနော့်အကြောင်းသိပါတယ် ( ပေါတောတော ဆိုတာကို) :P
:) ပေါတာတော့မဟုတ်ပါဘူး ပျော်ပျော်နေတတ်တာပါ.. လူတွေက အထင်လွဲတာပါ.. အရာတခုကို စိတ်ဝင်စားမိပြီဆိုရင်
အဲ့အကြောင်းပဲ ခေါင်းထဲထည့်ထားတတ်တယ်.. အစွဲလမ်းကြီးတယ်ပေါ့နော်..လိုချင်တာ ဖြစ်ချင်တာကိုလဲ မရ ရအောင်
မဖြစ် ဖြစ်အောင်လုပ်လေ့ရှိတယ်..မအိပ်မနေ မစားမသောက်ပဲကိုလေ့လာ ကျိုးစားတတ်တယ်.. (အဲ့တာကြောင့်လဲ ဟိုတ
လောက အစာအိမ်ဖြစ်လို့ ဆေးရုံတက်ရတာပေါ့).. အသန့် အပြန့် ကြိုက်တယ် သပ်သပ်ရပ်ရပ်နေတတ်တယ်..
နည်းပညာနဲ့ ပက်သက်တာ အကုန်ဝါသနာပါတယ်.. သီချင်းတွေကိုတော့ အကြိုက်ဆုံးပဲ နားထောင်ရတာလဲကြိုက်သလို
ကိုယ်တိုင်လဲ ဆိုဖြစ်တယ်.. စိတ်ကူပေါ်ရင် သီးချင်းရေးတယ် .. စိတ်ညစ်ရင် ဂစ်တာတီးတယ် သီချင်းတွေ အော်ဆိုတတ်တယ်
နောက်များမှ ကျနော့်ရဲ့ကိုယ်ပိုင်သံစဥင်္လေးတွေ ပေးနားထောင်မယ်နော်. (ကြော်ငြာဝင်တာ) ကျန်သေးတယ်ဗျ.. အိပ်ခါနီးရင်
ရေမချိုးပဲ မအိပ်တတ်ဘူး .. အေးနေတာကို ကြိုက်တာ..အဲကွန်းကို အကုန်ဖွင့်ပြီးအိပ်တတ်တယ်.. အမေ့အိမ်မှာတုန်းကတော့
ပန်ကာပေါ့....အရေးကြီးတာကျန်သေးတယ် မြန်မာလူမျိုးကိုချစ်တယ်  မြန်မာလူမျိုးကိုထိရင်မခံတတ်ဘူး အဲ့တာကြောင့်
အလုပ်ထဲမှာ ကိုယ့်မြန်မာတွေဘက်က လိုက်တာများလို့  ပြသနာ တတ်ပြီး အလုပ်ပြောင်းရတာ ခဏခဏပါ..

အစားအသောက်

မြန်မာ့ရိုးရာ သရေစာမုန့် တွေဆိုရင် အကုန်ကြိုက်တယ် ဘိန်းမုန့် ၊မုန့် ဖက်ထုတ်၊ ကောက်ညှင်းပေါင်း ၊ မုန့် စိမ်းပေါင်း.....
အများကြီးပဲဗျ အကုန်တော့မရေးပြတော့ဘူး..(ပြောရင်းနဲ့ တောင်သရေကျလာပြီ)..တခါလေ အပြင်သွားရင်တော့ နိုင်ငံခြား
မုန့် တွေစားတတ်ပါတယ်..ရာသီဥတု အေးအေးလေးမှာ ကော်ဖီစိမ့်စိမ့်လေးသောက်တတ်တယ်.. ခါးလွန်းတာမျိုးမကြိုက်ဘူး
လဘက်ရည်ဆိုရင်တော့ ပေါ့စိမ့်ပေါ့..ချိုလွန်းတဲ့အရသာတွေ မကြိုက်ဘူး.. .ထမင်းနဲ့ ဟင်းကိုတော့ ကျနော်က ချေးမများဘူး
ရှိတာနဲ့လဲစားတတ်တယ်... တခါလေ အပေါင်းသင်းတွေဆုံပြီဆိုရင်တော့ ကျနော်ကိုယ်တိုင်ချက်ပြုတ်ကျွေးတယ်..ဟင်းချက်
ရတာပျော်လို့ ပါ.. ဟင်းချက်ကတော့အကုန်ရတယ်.. မြန်မာချက်၊တိုင်းရင်းသားချက် ၊တရုပ်ချက်၊ကုလားချက်၊နဲ့ အနောက်တိုင်း
ချက်ကတော့ လေ့လာတုန်း နဲနဲပဲရတယ်..မုန်းဟင်းခါးလဲ ကိုယ်တိုင်ချက်စားတယ်.. ကြိုက်လွန်းလို့ ...ဒါပေမဲ့......
ခုတော့  ရွှေခေါင်းပြောင်(ကြက်ဥ၊ဘဲဥ)နဲ့ ပဲနှပါးသွားနေရတာများပါတယ်...

အဝတ်အစား

အဝတ်အစားကိုတော့ ကိုယ်ပိုင်စတိုင်ပဲဝတ်တယ် ဘယ်သူ့ စတိုင်မှ အတုမယူဘူး..(အတုယူလို့ လဲမရဘူးလေ.ကိုယ်နဲ့ မှမလိုက်တာ)
:P.အင်္ကျီဆိုရင် တီရှပ် လေးတွေကို ပုံစုံမျိုးစုံဝတ်တယ်..ဘောင်းဘီ တိုလေးတွေနဲ့ တွဲဝတ်တတ်တယ်... တခါလေမှ အရှည်ဝတ်တယ်
အရှည်ဝတ်ပြီဆိုရင်လဲ ဂျင်းဘောင်းဘီဆို Levis မှ အကြပ်လေးမှ ကြိုက်တာ.. ပွတာတို့ ဂွကြတာတို့ မကြိုက်ဘူး..ဖိနပ်ဆိုရင် ရူးသွပ်တယ်
ဖိနပ်အသစ်ပေါ်တိုင်းဝယ်တယ်.. သူများတွေစီးထားတာလေးတွေ လန်းနေရင် လိုက်ငေးနေတတ်တယ်..ပြီးရင်တော့ရှာဝယ်ပြီပဲ..
ပုံမှန်အားဖြင့်တော့ ဘောင်းဘီတိုနဲ့ T ရှပ်ပဲဝတ်တာများပါတယ်..ဒီမှာက ပူတာအရမ်းပဲလေ...လူကြီးတွေနဲ့ ဆက်ဆံရမဲ့နေရာမျိုးသွားရင်တော့
စတိုင်ဘောင်းဘီနဲ့ ရှပ်အင်္ကျီနဲ့ ဝတ်ပါတယ်...

ပြီးပါပြီနော်..ဒီလောက်ပါပဲ..ကျန်တာသိချင်ရင်တော့ လူကိုယ်တိုင်သာလာမေးကြပါ..
ကြည့်ကြပါအုံးဗျာ ဒီလိုလူမျိုးကို ကြိုက်တဲ့သူမရှိဘူးဖြစ်နေတယ် :P အမောင် ရေ... ရေးပြီးပြီနော်..
ဘလော့ဂါမောင်နှမတွေနဲ့ စာဖတ်သူတွေလဲ သည်းခံပြီးဖတ်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်..
အမောင်(မောင်စွယ်စုံကျမ်း)ရေ .. ကိုယ်လဲ ထပ်ပြီးတော့ တဂ်ပေးလိုက်မယ်နော်.. ထပ်ပြီးတော့..
အဆင်ပြေလို့ အားရင်တော့ရေးပေးစေချင်ပါတယ်..

(၁)ရွှေညာမြေ
(၂)သဇင်လေး
(၃)အလွမ်းခရီးသည်
(၄)အလွမ်းအိမ်

Bluetooth Technology အကြောင်း သိကောင်းစရာများ

Bluetooth ဆိုသည်မှာ Personal Area Network (PANS) တွင်သုံးသော Power အသုံးပြုမှု နည်းသည့ှ့်Short Range အကွာအဝေး Wireless နည်းပညာ တစ်ခု ဖြစ်သည်။ ၄င်းနည်းပညာသည် Personal Electronic ပစ္စည်းများဖြစ်ကြသော Laptops, Mobile, Phones, Digital Camera, Audio Equipement များတွင် ထည့်သွင်း အသုံးပြု ထားပြီး တပ်ဆင်ရန် ကြိုးမလိုတော့ချေ။

Bluetooth ၏ှ့Short Range Wireless နည်းပညာ ကို အစပြုခဲ့သည်မှာ Swedish Telecom မှ ဖြစ်သည်။ Bluetooth Technology သည် မတူညီသော အီလက်ထရောနစ် ပစ္စည်း များကြားတွင် ပေါင်းစည်းအလုပ်လုပ် ပေးနိုင်ရန် ဖြစ်သည်။

Bluetooth ကို အသုံးပြုလာခြင်းကြောင့် အသုံးပြု သူ၏ အလုပ်စားပွဲပေါ်တွင် ကြိုးများနှင့် ရှုတ်ထွေးမနေပဲ၊ အရေးကြီးသောအချက်အလက်များကို ကြိုးမဲ့ကူးပြောင်း သွားနိုင်ပေသည်။

Bluetooth Network များသည် 2.45 GHZ ရှိသော Radio Frequency ကို အသုံးပြုထားသည်။ ၄င်းသည်WiFi Network, Cordless Phone များနှင့် Microwave Oven များတွင် အသုံးပြုသော Frequency နှင့် ဆတူပင်ဖြစ် သည်။ Bluetooth ပစ္စည်းများကို ၁၀ မီတာ (၃၂ ပေ) အတွင်း၌သာ အသုံးပြုရမည်ဖြစ်ပြီး Data Rate မှာ 300 kbps ရရှိမည်ဖြစ်သည်။ Radio Wave 2.45 GHZ သည် နံရံများကိုပါ ဖြတ်သန်းသွားနိုင်သောကြောင့် အတား အဆီးရှိနေလည်း မိမိပို့ချင်သောBluetooth ရှိရာ Device သို့ အလွယ်တကူ ပို့လွှတ်နိုင်စွမ်းရှိသည်။

Bluetooth Network များသည် Ad Hoc Network များဖြစ်သည်။ Bluetooth ပစ္စည်းများသည် Bluetooth Network Range အတွင်းမှပစ္စည်းများကို အလိုအ အလျောက် သိရှိနိုင်သည်။ Ad Hoc Network ဆိုသည်မှာ အလွယ်တကူ သယ်ယူသွားနိုင်သော Wireless Network တစ်ခုပင်ဖြစ်သည်။

Bluetooth ပစ္စည်းများသည် တစ်ခုနှင့်တစ်ခု Bridge လုပ်ကာ ချိတ်ဆက်တတ်ကြသည်။ ထို့အပြင် Bluetooth ပစ္စည်းတစ်ခုနှင့်တစ်ခု ချိတ်ဆက်မီဖို့ရန် အတွက် High level protocols ဟုခေါ်သော Profiles များ လိုသည်။ ဥပမာ-Mobile Phone နှင့် ကြိုးမဲ့ Audio Headset တို့အချင်းချင်း ဆက်သွယ်နိုင်ရန်Headset Profiles ကို သုံးဖို့လိုသည်။ Digital Camera တစ်ခုမှ ဓာတ်ပုံ များကို Bluetooth နှင့်ထုတ်ရန် Printer နှင့် လှမ်းချိတ် သောအခါ Printer Profile ကို သုံးရမည်ဖြစ်သည်။ ထိုနည်းတူစွာပင် Smart Phone၊ PDA၊ Camera၊ Computer များတွင် ဖိုင်များအချင်းချင်း ဖလှယ်ကြသောအခါ တွင် File Transfer Profiles ကို သုံးရမည် ဖြစ်သည်။

Bluetooth အသုံးပြုခြင်း

Bluetooth ကို သုံးရန်အတွက် ဦးစွာပထမ ၄င်း Bluetooth ပစ္စည်းများကို Setup လုပ်ခြင်းနှင့် Authenticate လုပ်ခြင်းတို့ဖြင့် စရသည်။ ၄င်းတို့ကို ပြုလုပ်ရာ တွင် ပစ္စည်းအမျိုးအစားလိုက် ကွာခြားသည့်အတွက် ထိုပစ္စည်း၏ Manual ကို သေချာစွာကြည့်ရန်လိုပေသည်။ အလွယ်တကူ ကိုင်တွယ်အသုံးပြုသော Bluetooth ပစ္စည်းများဖြစ်ကြသည့် Smart Phone နှင့် PDA တို့တွင် Bluetooth သုံးရန်အတွက် သီးခြား Hardware နှင့် Software များ မလိုအပ်ပေ။ ၄င်းတို့တွင် Navigate လုပ်ပေးရန် တော့ လိုအပ်သည်။

ကွန်ပျူတာများတွင် Bluetooth အသုံးပြုမည်ဆိုပါ က အနည်းငယ်ရှုပ်ထွေးနိုင်သည်။

ကွန်ပျူတာတွင် Bluetooth သုံးပါက Bluetooth Hardware ရှိရမည် ဖြစ်သည်။ မရှိပါက USB port တွင် တပ်ဆင်အသုံးပြုနိုင်သော Bluetooth တစ်ခုကို တပ်ဆင် ထားရမည်။USB port မရှိသော ကွန်ပျူတာများတွင် Bluetooth Card ကို စိုက်ပေးနိုင်သည်။ ကွန်ပျူတာတွင် အသုံးပြုထားသော OS အလိုက် Bluetooth Hardware ကို Support လုပ်ပေးသော်လည်း အဆင့်များကွဲပြားမှာ ဖြစ်သည်။

Bluetooth VS OS

၁. Mac OSXSP 2 Mac
ကွန်ပျူတာတွင် Mac OS နှင့် Bluetooth သုံး မည်ဆိုပါက System Preferences ကိုဖွင့်၊ ထို့နောက် Bluetooth Icon တွင် Click တစ်ချက် နှိပ်ပေးရုံဖြင် Bluetooth သုံးနိုင်မည် ဖြစ်သည်။ Mac OS တွင် Bluetooth Searching နှင် File Transfer လုပ်ခြင်းများ အတွက် Bluetooth Ulities Builtin ပါရှိသည်။

2. Windows XP Sp2
Window XP SP 2 တွင် Bluetooth အား Built in Support လုပ်နိုင်သည်။ Bluetooth ကို ကွန်ပျူတာနှင့် ချိတ်ဆက်ကတည်းက Windows တွင် New Hardware found ဖြစ်ပါလိမ့်မည်။ ၄င်းပစ္စည်းနှင့် ဆက်စပ်သော Driver ကို OS ကပင် တာဝန်ယူသွားပေလိမ့်မည်။Bluetooth Hardware Install လုပ်ပြီးပါက Bluetooth Icon tray ပေါ်လာမည်ဖြစ်ကာ ၄င်း Icon ကို Click နှိပ်ရုံဖြင့် Bluetooth Network Utilities များ အသုံးပြုနိုင်မည် ဖြစ်သည်။

3. Linux
Linux နှင့် Bluetooth ကို တွဲဖက်အသုံးပြုလိုပါက Linux သည် နောက်ဆုံး Kernel ဖြစ်ရန် လိုသည်။ ထို့နောက် Bluetooth ကို Support လုပ်ပေးနိုင်သော Blue 2 ကို Install လုပ်ရန် ဖြစ်သည်။ ၄င်းကို ပြုလုပ်ရာတွင် Command Line ကို အသုံးပြုရမည်ဖြစ်ကာ Bluetooth ၏ လွယ်ကူသောလုပ်ငန်းများ ဖြစ်သည့် Authenticate နှင် File Transfer များ ပြုလုပ်ရန်ပါ အတော်ကို ရှုတ်သော Command များကို သုံးရမည် ဖြစ်သည်။

Bluetooth တွင် အရေးကြီးသော Authetication နှင့် Pairing
Bluetooth Network သညှ်Static မဟုတ်ပဲDynamic ဖြစ်သည်။ ထို့နောက် Bluetooth သုံးရာတွင် Privacy နှင့် Security မှာ အရေးပါလာသည်။ Authentication ဆိုသည်မှာ Data ဖလှယ်သည့်အခါ တစ်ခုနှင့်တစ်ခု ခွင့်တောင်းယူသည့်သဘော ဖြစ်သည်။ ဥပမာ Bluetooth ဖြင့် ဓာတ်ပုံပို့ရာတွင် အခြားတစ်ဖက်မှ လက်ခံမလားဟူ သော အပိုင်းတွင် ခွင့်တောင်းခြင်း (Authentication) ပင် ဖြစ်သည်။Data ပမာဏများများကို ဖလှယ်ရမည်ဆိုပါက Authentication နှင့် မလုံလောက်တော့ပဲ Trust Relationship ဟုခေါ်သော Pairing ပါ လိုအပ်လာသည်။ Pair လုပ်ချင်သောသူဘက်မှ အခြားသူ၏ PIN (Personal Identification Number) ကို ရိုက်ထည့်ပေးရသည်။ ထိုအခါ တခြားဘက်မှ လက်ခံရရှိပြီး ဖြစ်ပါပြီ။ PIN မှန်လျင် ၄င်း ပစ္စည်း (၂)ခုသည် Pair ဖြစ်သွားမည် ဖြစ်သည်။

လုံခြုံမှုအရေးပါသော Bluetooth
တစ်ခါတရံ Bluetooth များတွင် Blue jacking နှင့် Blue snarling တို့ဖြင့် အနှောက်အယှက်ပေးမှုများ ဖြစ်ပေါ် တတ်သည်ကို တွေ့ရသည်။ ထို့အပြင် Mobile Virus အချို့သည်လည်း Bluetooth Network မှ တစ်ဆင့် ပျံ့နှံ့ တတ်ကြသည်ကို တွေ့ရသည်။ ဤကဲ့သို့ ဖြစ်ရခြင်းမှာ Bluetooth Network ထဲမှ နီးရာပစ္စည်းများကို Delete လုပ်ကာ Virus များ ပျံ့နှံ့ဝင်ရောက်ခြင်း ဖြစ်သည်။ ၄င်း Virus များသည် Data ကိုသော်လည်းကောင်း၊ ပစ္စည်းကို သော်လည်းကောင်း ဖျက်ဆီးတတ်ပေသည်။

ဤကဲ့သို့မဖြစ်လျင် အကောင်းဆုံးမို့ Bluetooth Radio နှင့် Discovery Mode တို့ကို ပိတ်ထားရန် လိုအပ် ပေသည်။ ထို့အပြင် Antivirus နှင့်Firewall တို့ကို အသုံး ပြုခြင်းဖြင့်လည်း ¤င်းတို့ကို ကာကွယ်ထားနိုင်ပေသည်။