Followers

Sunday, July 24, 2011

မျှော်လင့်ချက်

ငါ့အတ္တတွေ အရည်ပျော်လာတဲ့
နွေနံနက်ခင်းရဲ့အောက်မှာ
အိမ်ရှေ့က ပိတောက်ပင်အိုကြီးလည်း သွေးခဲနေပြီ....

နွေလယ်မှာ ရေဆာတယ်
ဒါပေမဲ့.... မေတ္တာကို ပိုဆာတယ်
''များသောအားဖြင့် အရာ''တွေမရှိတဲ့
ငါ့မှာ လဲကျသွားရင် မင်းကိုအမှတ်ရ.....

လ မလင်းတဲ့ ညတွေမှာ
အလင်းပေးတဲ့ ဖယောင်းတိုင်ကို လိုချင်လိမ့်မယ်
မာကျူရီ မီးအိမ်တွေ မဟုတ်ပေမဲ့
မီးခွက်နဲ့ မီးစာ မင်းနဲ့ ငါ.

ယုံကြည်ခြင်းတွေက ဖိတ်စာမပါပဲ လုယက်သွားတယ်
ငါတို့ ရဲ့ အနာဂတ်တွေကို....

မပြောင်းလဲသေးတဲ့ ငါ့ရဲ့
နှလုံးခုန်နှုန်းနဲ့  မှတ်တိုငလေးအတွက်
တစ်ခုခု ပြောပေးပါ......

တကယ်တော့ ရေစီးကမ်းပြိုလိုက်နေတဲ့
ငါ့နှလုံးသားနဲ့  ဘယ်လိုပြောရက်မှာလဲ
နင်မျှော်လင့်ထားတဲ့ တို့ အိမ်မက်တွေအကြောင်းကို
နေသာမှန်းသိရင်တောင် တို့ မျက်ရည်တွေလည်း
မိုးရွာရင် လမ်းလျောက်ဖို့  စောင့်နေတတ်ပြီ....။

ကိုဖြိုး(ဧရာဝတီ)
www.futurestars-mm.com

0 comments: