Followers

Tuesday, August 2, 2011

ကျွန်တော်ကြိုက်၏......မကြိုက်၏

အင်း...ဘလော့ဂါမောင်နှမတွေ တဂ်ပေးပြီးရေးနေကြတာလေးက ကြည့်နူးစရာလေးပါ...
ကျနော်ကလဲ စာရေးတာက ပါရမီမပါလို့ လားမသိဘူး (ပျင်းတာလဲပါတာပေါ့ :P) မရေးတတ်ဘူး
ခုတော့ အမောင်က(မောင်စွယ်စုံကျမ်း) တဂ်လာပေးလို့  ဘဇာအရေးပဲရှိရှိ ရေးရတော့မှာပေါ့လေ...
ဘာပဲပြောပြော ခုလို တဂ်လုပ်ပြီးရေးတာလေးတော့သဘောကျမိပါ၏ .. ဘလော့ဂါမောင်နှမတွေ
သိုက်သိုက်ဝန်းဝန်းလေးရှိတာပေါ့နော်.ခုလိုရေးဖြစ်အောင် တဂ်လာပေးတဲ့ အမောင့်ကိုလဲကျေးဇူး
တင်ပါတယ်လို့ ပြောပါရစေဗျာ..

ကိုယ်ခန္ဒာ

ကျနော့်ရဲ့အရပ်က ၅ ပေ ၈ ဆိုတော့ အနေတော်လို့ တော့ထင်တာပဲ ပုတဲ့ထဲမှာမပါသလို ရှည်တဲ့အရပ်မျိုးလဲ
မဟုတ်ပါ..မြန်မာပြည်မှာတုန်းကတော့ ပေါင်(၁၉၀) ကျော်လောက်ရှိတယ်.. အင်း မလေးမြေနဲ့ မတည့်ဘူးထင်ပါရဲ့
ခုတော့ (၃၅)ပေါင်လောက်ကျသွားတယ်.. သူများတွေလို ဝိတ်လျှော့တာတွေပါတွေလဲမလုပ်ပါဘူး.. အသားအရည်
ကတော့ အရမ်းအမဲကြီးမဟုတ်သလို ဖြူတဲ့အသားရည်လဲမဟုတ်ဘူး.. ညိုချောလေးပေါ့ဗျာ.. :P ဒါပေမဲ့ကျနော့်
အသားရည်ကတော့ ဘယ်ရာသီမဆို စိုပြည်နေတယ် ..အသားပတ်တာတို့ ဘာတို့ မဖြစ်ဘူး အသားလှဆီဖိုးမကုန်
တော့ဘူးပေါ့ဗျာ..  ဆံပင်ကတော့ ပုံစံမျိုးစုံထားတတ်တယ်.. အရှည်လဲထားတယ် အတိုလဲထားတယ်..ဒီဇိုင်းမျိုးစုံ
ထားတယ်.. မျက်နှာကိုတော့ဘာမှလိမ်းတာမကြိုက်ဘူး.. ငယ်ငယ်တုန်းက အမေနဲ့  အမတွေက သနပ်ခါးလိမ်းပေး
တယ် ၉ တန်းနှစ်လောက်ထိ လိမ်းရတယ်ဗျာ ၁၀ တန်းလောက်ကစပြီးတော့ ဘာမှ မလိမ်းတော့ဘူး ကိုယ့်စိတ်ကြိုက်ပဲ
ကံထူးတာတခုက ဝက်ခြံတွေ ဘဲခြံတွေ မပေါက်ဘူးဗျ ....ခုဆို အရပ်နဲ့ ဘော်ဒီဝိတ်နဲ့မျှသွားပြီ အသားကလဲ အရင်ထက်ပိုဖြူလာတယ်....

အပြုအမူ

အနေအထိုင်ကတော့ မရင်းနှီးတဲ့သူတွေဆို တော်တန် မခေါ်ရဲဘူးဗျ ခပ်တည်တည်နေတတ်တယ်.. အမြဲတမ်းလိုလို
လက်ပိုက်ပြီးနေတတ်တယ်... ခင်မင်ရင်းနှီးတဲ့သူတွေကတော့ကျနော့်အကြောင်းသိပါတယ် ( ပေါတောတော ဆိုတာကို) :P
:) ပေါတာတော့မဟုတ်ပါဘူး ပျော်ပျော်နေတတ်တာပါ.. လူတွေက အထင်လွဲတာပါ.. အရာတခုကို စိတ်ဝင်စားမိပြီဆိုရင်
အဲ့အကြောင်းပဲ ခေါင်းထဲထည့်ထားတတ်တယ်.. အစွဲလမ်းကြီးတယ်ပေါ့နော်..လိုချင်တာ ဖြစ်ချင်တာကိုလဲ မရ ရအောင်
မဖြစ် ဖြစ်အောင်လုပ်လေ့ရှိတယ်..မအိပ်မနေ မစားမသောက်ပဲကိုလေ့လာ ကျိုးစားတတ်တယ်.. (အဲ့တာကြောင့်လဲ ဟိုတ
လောက အစာအိမ်ဖြစ်လို့ ဆေးရုံတက်ရတာပေါ့).. အသန့် အပြန့် ကြိုက်တယ် သပ်သပ်ရပ်ရပ်နေတတ်တယ်..
နည်းပညာနဲ့ ပက်သက်တာ အကုန်ဝါသနာပါတယ်.. သီချင်းတွေကိုတော့ အကြိုက်ဆုံးပဲ နားထောင်ရတာလဲကြိုက်သလို
ကိုယ်တိုင်လဲ ဆိုဖြစ်တယ်.. စိတ်ကူပေါ်ရင် သီးချင်းရေးတယ် .. စိတ်ညစ်ရင် ဂစ်တာတီးတယ် သီချင်းတွေ အော်ဆိုတတ်တယ်
နောက်များမှ ကျနော့်ရဲ့ကိုယ်ပိုင်သံစဥင်္လေးတွေ ပေးနားထောင်မယ်နော်. (ကြော်ငြာဝင်တာ) ကျန်သေးတယ်ဗျ.. အိပ်ခါနီးရင်
ရေမချိုးပဲ မအိပ်တတ်ဘူး .. အေးနေတာကို ကြိုက်တာ..အဲကွန်းကို အကုန်ဖွင့်ပြီးအိပ်တတ်တယ်.. အမေ့အိမ်မှာတုန်းကတော့
ပန်ကာပေါ့....အရေးကြီးတာကျန်သေးတယ် မြန်မာလူမျိုးကိုချစ်တယ်  မြန်မာလူမျိုးကိုထိရင်မခံတတ်ဘူး အဲ့တာကြောင့်
အလုပ်ထဲမှာ ကိုယ့်မြန်မာတွေဘက်က လိုက်တာများလို့  ပြသနာ တတ်ပြီး အလုပ်ပြောင်းရတာ ခဏခဏပါ..

အစားအသောက်

မြန်မာ့ရိုးရာ သရေစာမုန့် တွေဆိုရင် အကုန်ကြိုက်တယ် ဘိန်းမုန့် ၊မုန့် ဖက်ထုတ်၊ ကောက်ညှင်းပေါင်း ၊ မုန့် စိမ်းပေါင်း.....
အများကြီးပဲဗျ အကုန်တော့မရေးပြတော့ဘူး..(ပြောရင်းနဲ့ တောင်သရေကျလာပြီ)..တခါလေ အပြင်သွားရင်တော့ နိုင်ငံခြား
မုန့် တွေစားတတ်ပါတယ်..ရာသီဥတု အေးအေးလေးမှာ ကော်ဖီစိမ့်စိမ့်လေးသောက်တတ်တယ်.. ခါးလွန်းတာမျိုးမကြိုက်ဘူး
လဘက်ရည်ဆိုရင်တော့ ပေါ့စိမ့်ပေါ့..ချိုလွန်းတဲ့အရသာတွေ မကြိုက်ဘူး.. .ထမင်းနဲ့ ဟင်းကိုတော့ ကျနော်က ချေးမများဘူး
ရှိတာနဲ့လဲစားတတ်တယ်... တခါလေ အပေါင်းသင်းတွေဆုံပြီဆိုရင်တော့ ကျနော်ကိုယ်တိုင်ချက်ပြုတ်ကျွေးတယ်..ဟင်းချက်
ရတာပျော်လို့ ပါ.. ဟင်းချက်ကတော့အကုန်ရတယ်.. မြန်မာချက်၊တိုင်းရင်းသားချက် ၊တရုပ်ချက်၊ကုလားချက်၊နဲ့ အနောက်တိုင်း
ချက်ကတော့ လေ့လာတုန်း နဲနဲပဲရတယ်..မုန်းဟင်းခါးလဲ ကိုယ်တိုင်ချက်စားတယ်.. ကြိုက်လွန်းလို့ ...ဒါပေမဲ့......
ခုတော့  ရွှေခေါင်းပြောင်(ကြက်ဥ၊ဘဲဥ)နဲ့ ပဲနှပါးသွားနေရတာများပါတယ်...

အဝတ်အစား

အဝတ်အစားကိုတော့ ကိုယ်ပိုင်စတိုင်ပဲဝတ်တယ် ဘယ်သူ့ စတိုင်မှ အတုမယူဘူး..(အတုယူလို့ လဲမရဘူးလေ.ကိုယ်နဲ့ မှမလိုက်တာ)
:P.အင်္ကျီဆိုရင် တီရှပ် လေးတွေကို ပုံစုံမျိုးစုံဝတ်တယ်..ဘောင်းဘီ တိုလေးတွေနဲ့ တွဲဝတ်တတ်တယ်... တခါလေမှ အရှည်ဝတ်တယ်
အရှည်ဝတ်ပြီဆိုရင်လဲ ဂျင်းဘောင်းဘီဆို Levis မှ အကြပ်လေးမှ ကြိုက်တာ.. ပွတာတို့ ဂွကြတာတို့ မကြိုက်ဘူး..ဖိနပ်ဆိုရင် ရူးသွပ်တယ်
ဖိနပ်အသစ်ပေါ်တိုင်းဝယ်တယ်.. သူများတွေစီးထားတာလေးတွေ လန်းနေရင် လိုက်ငေးနေတတ်တယ်..ပြီးရင်တော့ရှာဝယ်ပြီပဲ..
ပုံမှန်အားဖြင့်တော့ ဘောင်းဘီတိုနဲ့ T ရှပ်ပဲဝတ်တာများပါတယ်..ဒီမှာက ပူတာအရမ်းပဲလေ...လူကြီးတွေနဲ့ ဆက်ဆံရမဲ့နေရာမျိုးသွားရင်တော့
စတိုင်ဘောင်းဘီနဲ့ ရှပ်အင်္ကျီနဲ့ ဝတ်ပါတယ်...

ပြီးပါပြီနော်..ဒီလောက်ပါပဲ..ကျန်တာသိချင်ရင်တော့ လူကိုယ်တိုင်သာလာမေးကြပါ..
ကြည့်ကြပါအုံးဗျာ ဒီလိုလူမျိုးကို ကြိုက်တဲ့သူမရှိဘူးဖြစ်နေတယ် :P အမောင် ရေ... ရေးပြီးပြီနော်..
ဘလော့ဂါမောင်နှမတွေနဲ့ စာဖတ်သူတွေလဲ သည်းခံပြီးဖတ်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်..
အမောင်(မောင်စွယ်စုံကျမ်း)ရေ .. ကိုယ်လဲ ထပ်ပြီးတော့ တဂ်ပေးလိုက်မယ်နော်.. ထပ်ပြီးတော့..
အဆင်ပြေလို့ အားရင်တော့ရေးပေးစေချင်ပါတယ်..

(၁)ရွှေညာမြေ
(၂)သဇင်လေး
(၃)အလွမ်းခရီးသည်
(၄)အလွမ်းအိမ်

0 comments: