ငါ့အတ္တတွေ အရည်ပျော်လာတဲ့နွေနံနက်ခင်းရဲ့အောက်မှာအိမ်ရှေ့က ပိတောက်ပင်အိုကြီးလည်း သွေးခဲနေပြီ....နွေလယ်မှာ ရေဆာတယ်ဒါပေမဲ့.... မေတ္တာကို ပိုဆာတယ်''များသောအားဖြင့် အရာ''တွေမရှိတဲ့ငါ့မှာ လဲကျသွားရင် မင်းကိုအမှတ်ရ.....လ မလင်းတဲ့ ညတွေမှာအလင်းပေးတဲ့ ဖယောင်းတိုင်ကို လိုချင်လိမ့်မယ်မာကျူရီ မီးအိမ်တွေ မဟုတ်ပေမဲ့မီးခွက်နဲ့ မီးစာ မင်းနဲ့ ငါ.ယုံကြည်ခြင်းတွေက ဖိတ်စာမပါပဲ လုယက်သွားတယ်ငါတို့ ရဲ့ အနာဂတ်တွေကို....မပြောင်းလဲသေးတဲ့ ငါ့ရဲ့နှလုံးခုန်နှုန်းနဲ့  မှတ်တိုငလေးအတွက်တစ်ခုခု ပြောပေးပါ......တကယ်တော့ ရေစီးကမ်းပြိုလိုက်နေတဲ့ငါ့နှလုံးသားနဲ့  ဘယ်လိုပြောရက်မှာလဲနင်မျှော်လင့်ထားတဲ့...